Monday, 2 August 2010

ကျမနဲ့  ညထဲကည


ကျမနဲ့ ညထဲကည

လရောင်ထီးကိုဆောင်းခဲ့မိပေါ့
စိတ်ကူးသန့်သန့် လိပ်ပြာသန့်သန့်ပါပဲ
ုကယ်တွေကြွေရင် ဆုတောင်းတတ်တာကလွဲလို့
လရောင်နဲ့ည
ညနဲ့ကောင်းကင်
ကောင်းကင်နဲ့ကျမ ထွေခင်းတဲ့ပွဲမှာ
ုကယ်တွေက ကျမကို ငေးသလို
ကျမကလည်း ငေးလို့
ရေတံခွန်တစ်ခုလိုကယ်တွေေုကွပြမှုမှာလည်း
ဆုတောင်းတိုင်း မပြည့်တတ်တာကို
ကျမ ကုံကမျွာက ကျမကိုပေးတယ်
လိုက်လျောညီထွေ နေထိုင်တတ်မူမှာ
အမြင်ကရိုးပြီး အသိက ထက်နေတော့
အတွေ့က ဘ၀ကို
ခုနစ်စဉ်ုကယ်လို အမြီးထောင်ပြနေပြန်တယ်
ကျမထီးကလည်း လုံခြုံပါတယ်
ညကလည်း ညပီသပါတယ်
လရောက်က ကမာမြေကို နမ်းသလိုမျိုး
မေုကွသေးတဲု့ကယ်တွေရဲ့အနမ်းမှာ
ကျမကလည်း ငြိမ်လို့။

ဖြူစင်သောရင်ခွင်


ဖြူစင်သောရင်ခွင်

သိုးငယ်တွေလိုပဲ
အဆိပ်မဲ့ဖြူစင်ခဲ့တယ်။

စမ်းတမျှလိုပဲ
ဖြူစင်ကြည်လင်အေးမြခဲ့တယ်။

ပန်းတစ်ခင်းလိုပဲ
ရနံ့သင်းလှိုင်မွေးမြစေခဲ့တယ်။

လရောက်လိုပဲ
ယစ်မူးခိုလှုံဖွယ်ရာဖြစ်ခဲ့တယ်။

လေညင်းရိုင်းလေးလိုပဲ
ညင်သာချော့နမ်းမက်မပြေလွမ်းစေခဲ့တယ်။

ဘယ်တော့မှ
ပြန်မရနိုင်တော့မှန်းသိပါလျက်နဲ့ 
အဲ့ဒီ
မေတာတရားစစ်စစ်နဲ့မှ
မျက်နှာသစ်ချင်သေးသူပါ။

မေ.....မေ
တစ်ကမြာခြားခဲ့ပြီလား
ကျွန်မ
အသည်းနှလုံးတွေ တုန်ခါနေတော့တယ်။

အမှန်တရား

အမှန်တရား

အမှန်ကိုလုပ်ရတာဟာ
အမှားကိုလုပ်ရတာထက်
အင်မတန်မှ ခက်ပါတယ်။

ဒါပေမယ့်လည်း
နောက်ဆုံးကျတော့
အမှန်လုပ်တဲ့သူကသာ
အောင်မြင်ရမှာပါ။

အမှန်တရားလုပ်တဲ့သူတွေကသာ
ရှူံးရင်လည်း နိုင်ရမယ်၊
နိုင်ရင်လည်း နိုင်ရမယ်ဆိုတာ
ပြောလို့ရပါတယ်။

အမှန်တရားအရ မလုပ်တဲ့သူတွေကတော့
ရှူံးရည်လည်း ရူံးရမယ်
နိုင်ရင်လည်း ရှူုံးရမယ်။